Blog Posts
မေလ ၁၈ ရက် အပတ်မှစပြီး ရုံးပြန်တက်မည့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးအတွက် ရုံးသို့လာရောက်ရန် နည်းလမ်း ၂ မျိုး စီစဉ်ထားရှိပါသည်။
နည်းလမ်း ၁ – Campus ရုံးကား (ဖယ်ရီဝန်ဆောင်မှု)
ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးအတွက် ကားပေါ်မတက်မီ လက်ကို ပိုးသတ်သန့်စင်ရန်နှင့် ဖယ်ရီကားပေါ် ရှိနေချိန်တွင် လူတိုင်း နှာခေါင်းစည်းများကို အချိန်ပြည့်တပ်ဆင်ရန် လိုအပ်ပါသည်။ ထိုင်ခုံတန်း တစ်တန်းတွင် လူတစ်ယောက်သာထိုင်ခွင့်ရှိပါသည်။ စုစုပေါင်း ဝန်ထမ်းဦးရေ၏ ၅၀% ခန့်သာ ရုံးပြန်တက်မှာဖြစ်သည့်အတွက် ဖယ်ရီကားပေါ်တွင် အချင်းချင်းခပ်ခွာခွာနေရန် လုံလောက်သည့် နေရာထိုင်ခုံများရှိမည်ဖြစ်ပါသည်။ ဖယ်ရီကားများကိုလည်း အသုံးမပြုခင်နှင့် အသုံးပြုပြီးတိုင်းတွင် ပိုးသတ်သန့်ရှင်းရေးများကို စနစ်တကျ ပြုလုပ်ထားပါသည်။
နည်းလမ်း ၂ – Yoma CarShare မှ ကားငှားရမ်းခြင်း
ရုံးကို ကိုယ်တိုင်ကားမောင်းပြီး လာချင်သူများအတွက် YomaCarShare မှ ကားငှားခကို တစ်နာရီလျှင် အနည်းဆုံး ကျပ်ငွေ ၂,၄၈၀ မှစ၍ ငှားရမ်းနိုင်ပါသည်။ YomaCarShare မှ ကားများကိုလည်း မကြာခဏ ပိုးသတ်သန့်ရှင်းရေးများ ပြုလုပ်ထားပါသည်။ အသေးစိတ်သိလိုပါက aung@yomafleet.comm သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အချင်းချင်း ခပ်ခွာခွာနေခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် လက်မကြာခဏဆေးကြောခြင်းတို့ကို ပြုလုပ်ဖို့ မမေ့ကြရန် အသိပေးလိုပါသည်။
ရိုးမအုပ်စုအတွင်းရှိ ရုံးများအားလုံးတွင် အချင်းချင်းခပ်ခွာခွာနေစေရန်နှင့် ဘေးကင်းလုံခြုံမှုရှိစေရန် အောက်ပါအချက်များကို လုပ်ဆောင်သွားရမည်ဖြစ်ပါသည်။
• ရုံးအတွင်းသို့ မဝင်ရောက်မီ ကိုယ်ပူချိန်တိုင်းရန်။
• အစည်းအဝေးခန်းများနှင့် ဧည့်ကြိုကောင်တာများတွင် လက်ဆေးရည်များ ထားရှိရန်။
• လုပ်ဖော်ကိုင်ဖက်အချင်းချင်း ၆ ပေအကွာမှနေ၍ ပြောဆိုဆက်ဆံရန်။
•အချင်းချင်းခပ်ခွာခွာနေစေရန် အလုပ်စားပွဲခုံအချို့တွင် အမှားသင်္ကေတများ ကပ်ထားရန်။
• ရုံးအတွင်း အချင်းချင်းခပ်ခွာခွာနေရန် အဆင်မပြေသည့်အချိန်များတွင် ဝန်ထမ်းများအနေဖြင့် နှာခေါင်းစည်း တပ်ဆင်ထားရန်။
• လုပ်ဖော်ကိုင်ဖက်များနှင့် အစည်းအဝေးခန်းအတွင်း ရှိနေချိန်တွင် နှာခေါင်းစည်းတပ်ဆင်ထားရန်။
• ပန်းလှိုင်အိမ်ရာနှင့် စတားစီးတီးအိမ်ရာအတွင်း ဝင်ရောက်သူများအား ကိုယ်ပူချိန်တိုင်းခြင်းကို ဆက်လက်လုပ်ဆောင်သွားရန်။
အားလုံးဘေးကင်းလုံခြုံစေရန်အတွက် နေ့လည်စာစားချိန်အတွင်း လိုက်နာကျင့်သုံးရမည့် စည်းကမ်းချက်များကိုလည်း ထုတ်ပြန်ထားသည့်အတွက် အားလုံးကို လိုက်နာကြစေလိုပါသည်။ စည်းကမ်းများကို လိုက်နာမှသာ ယခုကပ်ဘေးရောဂါကို ကျွန်တော်တို့အားလုံး အတူ ကျော်ဖြတ်နိုင်မှာဖြစ်ပါသည်။
If you are returning to the Campus next week, there are two travel options set up to ensure your health and safety:
Option 1- Campus Ferry:
Remember to sanitise your hands before boarding, and to wear a mask at all times. Only one person per row is allowed. Rest assured there is plenty of room for social distancing as all ferries are operating at less than half capacity. Each ferry is also properly sanitised before and after each ride.
Option 2 – Rent a Car from Yoma Car Share:
For those who prefer going to work on your own, Yoma Car Share is offering rental fees from as low as 2,480 MMK/hour ++. Yoma Car Share vehicles are regularly cleaned and sanitised. Please contact aung@yomafleet.com for more details.
Let’s remember to practise safe social distancing as well as to wear a mask and wash your hands frequently.
The following social distancing and health measure will apply to all Yoma Offices:
– Temperature screening on entry to the office
– Hand sanitizer available in all meeting rooms and reception desks
– Observe 6 feet distance with work colleagues at all times
– Desks to be marked with an X to ensure appropriate social distancing
– Staff to wear masks in the office when social distancing cannot be maintained
– Staff to wear a mask if in a meeting room with other colleagues
– Temperature screenings on the Pun Hlaing Estate and StarCity Estate will continue
We request that all employees adhere to these measures for the health and safety of all Yoma employees.
Other measurements such as lunch hour arrangements are also put into place. We seek your understanding to follow them at all times.
Together, we will get through this.
“သင်ကျန်းမာမှ လူ့အဖွဲ့အစည်းလည်း ကျန်းမာမည်” “ကျန်းမာရေးကောင်းမှ ဘဝလည်းကောင်းမည်” ဆိုသည့် ဆောင်ပုဒ်များကို ကျန်းမာရေးအာမခံနှင့် ပက်သက်သည့်နေရာများတွင် ကြားဖူးကြပါလိမ့်မည်။ အာမခံဆိုသောအရာကို ကျွန်တော်တို့အများစု မလိုအပ်သေးသရွေ့ မစဉ်းစားမိကြပါ။ တကယ်လိုအပ်သောအချိန် ရောက်သည့်အခါ အသိနောက်ကျနေလေ့ရှိပြီး ထိုအချိန်တွင် ကျွန်တော်တို့အတွက် သင့်လျော်သည့် အာမခံများ မရှိဖြစ်နေတတ်ပါသည်။
သို့ရာတွင် အရမ်းစိတ်ပူနေရန် မလိုပါ။ ရိုးမအုပ်စု၏ အချိန်ပြည့်ဝန်ထမ်းတိုင်းအတွက် ကျန်းမာရေးအာမခံများ ထားရှိထားပါသည်။ ရိုးမအုပ်စုရှိ ဝန်ထမ်းများအားလုံးအတွက် ဆေးကုသမှုဆိုင်ရာ အကျိုးခံစားခွင့် မူဝါဒများကို လွန်ခဲ့သည့် နှစ်များကတည်းက ချမှတ်ပေးထားပြီးဖြစ်ပါသည်။
• ရိုးမအုပ်စု၏ ဆေးကုသမှုဆိုင်ရာ ခံစားခွင့် – ဤခံစားခွင့်တွင် အတွင်းလူနာ၊ အပြင်လူနာအဖြစ် ဆေးကုသမှုများအပြင် အသက်အာမခံနှင့် ပတ်သက်သည့် ခံစားခွင့်များကိုပါ ဖော်ပြထားပါသည်။ သင်ဖျားနာလျင်၊ ဒါဏ်ရာရ အနာတရဖြစ်လျင် (သို့) ဆေးရုံတတ်ရောက်ရသည့် အခြေအနေများတွင် ဆေးကုသမှုကုန်ကျစရိတ်၏ တစိတ်တဒေသကို ကျခံပေးသွားမည်ဖြစ်ပါသည်။ လက်ရှိ ဆေးကုသမှုဆိုင်ရာမူဝါဒနှင့် ပတ်သက်ပြီး မကြာသေးမီက ပြန်လည်လေ့လာသုံးသပ်ခဲ့ကာ အကျိုးခံစားခွင့်များကိုလည်း ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။ လုပ်ငန်းစု၏ ဆေးကုသမှုဆိုင်ရာ ခံစားခွင့်များနှင့် ပက်သက်ပြီး အသေးစိတ် သိရှိလိုပါက Yoma Connect တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
• COVID-19 အတွက် ဆေးကုသမှုဆိုင်ရာ ခံစားခွင့် ထပ်တိုးပေးခြင်း – ကျွန်တော်တို့၏ ရှိရင်းစွဲ ကျန်းမာရေးဆိုင်ရာ ခံစားခွင့်နှင့် အာမခံများအပြင် COVID-19 ကြောင့် အတွင်းလူနာနှင့် ပြင်ပလူနာအဖြစ် ကုသမှုများကိုပါ ထပ်မံထည့်သွင်းပေးထားပါသည်။ COVID-19 ဗိုင်းရပ်ပိုး ကူးစက်ခံရနိုင်ချေများသည့် ရှေ့တန်းနေရာများ – ဥပမာ YKKO ၊ KFC ၊ Kospa စသည့်နေရာများတွင် တာဝန်ထမ်းဆောင်နေသူများသည် ခံစားခွင့် ပိုမိုရရှိမှာ ဖြစ်ပါသည်။
• ပန်းလှိုင်စီလုံဆေးရုံ၏ Viber မှတစ်ဆင့် ဆေးကုသမှုဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်း – အချင်းချင်း ခပ်ခွာခွာနေရေးကို အလေးထား ဆောင်ရွက်နေသည့် ယခုအချိန်တွင် နေထိုင်မကောင်းဖြစ်ခြင်းများအတွက် နေအိမ်မှ ဘေးကင်းစွာ နေထိုင်၍ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်သည့် “Virtual Care” အစီအစဉ်ကို စီစဉ်ထားရှိပါသည်။ ထိုအစီအစဉ်သည် နေထိုင်မကောင်းသူများ (သို့) အရေးပေါ် ကုသမှုကို မလိုအပ်သော လူနာများသည် ဆေးရုံသို့ လာရန်မလိုဘဲ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်မှာဖြစ်ပါသည်။
ယခုကဲ့သို့ ဆေးကုသမှုဆိုင်ရာအတွက် အကျိုးခံစားခွင့်များ ရရှိခြင်းသည် ကောင်းသော်လည်း ကျန်းမာနေခြင်းသည် ပို၍ ကောင်းပါသည်။ ကျန်းမာရေးအာမခံနှင့် ပက်သက်သည့် အကျိုးခံစားခွင့်များအကြောင်းကို အသေးစိတ်သိရှိလိုပါက Yoma Connect (//52.220.87.101/) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး စုံစမ်းမေးမြန်းလိုသည်များအတွက် AskHR@yoma.com.mm သို့ အီးမေးလ်ပေးပို့နိုင်ပါသည်။
We are looking for talents across the Group to host the following online wellness sessions (Around 15-30 mins per sessions)
- Yoga Lesson
- Zumba Lessons
- Meditation
- Myanmar Buddhist Readings
- Breathing exercise
- Taichi
- Kung Fu Lessons
- Core Training
- Stretching session
To ensure the health and safety of our staff, we have decided to extend the Work From Home (WFH) arrangement until 17 May, and the Campus will continue to stay close. We continue to look at how to bring everyone slowly back to work and this may be in incremental steps and when the time is right.
We understand that some of you may have to juggle multiple responsibilities in your new work-from-home environment, and for others, motivation and engagement may not always come easy. But we are here to help. HR will be rolling out WFH The Yoma Way will include a WFH Wellness Centre, WFH In a Box, and a series of programs aimed to help you stay engaged while working remotely. Stay tuned and join in the activities.
We are here to help you make WFH a success.
နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်ခြင်းကို ရက်တိုးသတ်မှတ်ခြင်း
ကျွန်တော်တို့ ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်ခြင်းကို မေလ ၁၇ ရက်နေ့အထိ ရက်တိုးသတ်မှတ်ထားပြီး Campus ရုံးကိုလည်း ပိတ်ထားမည်ဖြစ်ပါသည်။ လူတိုင်း လုပ်ငန်းခွင်သို့ ပြန်ဝင်ရောက်နိုင်အောင် အခြေအနေနှင့် အချိန်အခါအပေါ် မူတည်၍ တစ်ဆင့်ခြင်း လုပ်ဆောင်သွားပါမည်။
အချို့ဝန်ထမ်းများသည် နေအိမ်မှာနေ၍ အလုပ်လုပ်သည့်အခါ တာဝန်များစွာကို ထမ်းဆောင်နေရပြီး အချို့သူများအတွက် အလုပ်လုပ်ချင်စိတ်ရှိလာအောင်နှင့် အဖွဲ့သားများနှင့် အမြဲချိတ်ဆက်မှုရှိနေရန်အတွက် အခက်အခဲများရှိသည်ကို ကျွန်တော်တို့အနေဖြင့် နားလည်ပါသည်။ ကျွန်တော်တို့မှ ကူညီပေးလိုသဖြင့် HR ဌာန၏ WFH The Yoma Way အစီအစဉ်များတွင် WFH Wellness Center လည်း ပါဝင်သွားမည်ဖြစ်ပါသည်။ မိတ်ဆွေတို့အား အဝေးမှနေ၍ အလုပ်လုပ်နေစဉ် အချင်းချင်း အမြဲချိတ်ဆက်မှုရှိနေစေရန် ထိုအစီအစဉ်များမှ ကူညီပေးသွားပါမည်။ အစီအစဉ်နှင့် လှုပ်ရှားမှုများကို မကြာခင် အသိပေးကြေညာသွားမည်ဖြစ်သည့်အတွက် ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါသည်။
နေအိမ်မှာနေ၍ အလုပ်လုပ်ရာတွင် အဆင်ပြေမှုရှိစေရန် ကျွန်တော်တို့မှ ကူညီပေးသွားပါမည်။
It is confirmed that a staff at Park Royal Hotel has tested positive for COVID-19 – Case 138. If you had visited Park Royal Hotel between 1 – 21st April, please inform HR (askHR@yoma.com.mm) so that we can conduct COVID-19 contact tracing with you.
ထိတွေ့သွားလာမှုအပေါ် စီစစ်ခြင်း
COVID-19 အတည်ပြု လူနာအမှတ် ၁၃၈ သည် Park Royal ဟိုတယ်ရှိ ဝန်ထမ်းတစ်ဦးဖြစ်ပါသည်။ အကယ်၍ သင်သည် ဧပြီလ ၁ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း Park Royal ဟိုတယ်သို့ သွားရောက်ခဲ့ပါက askHR@yoma.com.mm သို့ အီးမေးလ်ပို့ပြီး HR ထံ အကြောင်းကြားပါ။ သို့မှသာ COVID-19 လူနာနှင့် ထိတွေ့သွားလာမှုအပေါ် စုံစမ်းစစ်ဆေးနိုင်မည်ဖြစ်ပါသည်။