Blog Posts

Unsung Heroes

The world is facing a challenging time. We all are told to stay at home, to work from home. But there are those who cannot. And because they are working, they help to keep us safe and help to look after the community we live in. Yoma Group Would like to express our gratitude towards these Unsung heroes of Myanmar.

တစ်ကမ္ဘာလုံး စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရချိန်မှာ ကျွန်တော်တို့တွေ အိမ်မှာဘဲနေပြီး အလုပ်လုပ်နေကြပါတယ်။ ဒါပေမဲ့ တချို့တွေအတွက်တော့ ဒီလိုမဟုတ်ပါဘူး။ သူတို့တွေအပြင်မှာ အလုပ်ထွက်လုပ်ပြီး ကျွန်တော်တို့တွေနဲ့ လူ့အဖွဲ့အစည်းကို ဘေးကင်းအောင် ကာကွယ်စောင့်ရှောက်နေကြပါတယ်။ ကိုယ်ကျိုးစွန့် အနစ်နာခံနေကြတဲ့ မြန်မာနိုင်ငံရဲ့ သူရဲကောင်းတွေကို ရိုးမအုပ်စုမှ ကျေးဇူးတင်ရှိပါတယ်။

Covid-19 update (4 – April – 2020)

The government has implemented Stay at Home rules for the Thingyan period (Yangon 10-19April; Mandalay 7-19April). There will be restricted movement in each township to avoid the spread of covid-19.

The Group will therefore be implementing Level 2 BCP plans accordingly by the end of next week. Each entity will set their timeline for restricting business services and shutting of offices as appropriate.

The city lockdown is a preventive measure to limit the risk of covid spread. This is different from many countries in Europe and the US who are forced to implement rules as a last resort. We have time to put in place our plans in an orderly manner.

A few thoughts:

1) Preparing your homes – prepare food, medical supply and essential goods. You will be allowed to get food during the lockdown, but it is important to plan ahead. Consider the chance that lock down may be extended beyond 19April

2) Covid-19 staff loan – consider using the loan for emergency purposes only. Yoma Bank will continue to offer this for the next months until the covid-19 situation ends. Therefore, you can wait to apply when you need it for emergency.

3) Campus Zay – Campus will be open during next week. If we run out on items you need, we will order for replenishment.

4) Masks – we have also added stock of masks in Campus Zay, and can source more. Please consider wearing masks particularly if you are in crowded areas

Good hygiene and social distancing are now very important. During Thingyan, please pass these advices, and also guideline on how to self-isolate in the event of illness, to your friends and family. Be extra careful and protect your community and loved ones in this critical times.

Stay safe 🙏

Covid-19 (၂၀၂၀ ခုနှစ်၊ ဧပြီလ ရက်နေ့ ထုတ်ပြန်ချက်)

နိုင်ငံတော် အစိုးရမှ သင်္ကြန်ကာလ (ရန်ကုန် – ဧပြီလ ၁၀ မှ ၁၉  ရက်၊ မန္တလေး – ဧပြီလ ၇ မှ ၁၉ ) အထိကို နေအိမ်တွင်သာနေရမည့် စည်းကမ်းကို ညွှန်ကြားထုတ်ပြန်ထားပါသည်။ Covid-19 ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် မြို့နယ်များတွင် သွားလာမှုများကို ကန့်သတ်ထားမည်ဖြစ်သည်။

ထို့ကြောင့် လုပ်ငန်းစုအနေနှင့် အဆင့် (၂) အစီအစဉ်များကို နောက်အပတ်မှစ၍ စတင်လုပ်ဆောင်သွားပါမည်။ လုပ်ငန်းဌာန တစ်ခုချင်းစီမှ လုပ်ငန်းဝန်ဆောင်မှု ကန့်သတ်ခြင်းများနှင့် ရုံးပတ်ခြင်းများကို လိုအပ်သလို အချိန်နှင့်တပြေးညီ  ဆောင်ရွက်သွားမည်ဖြစ်သည်။

မြို့ကို ပိတ်ချပြီး အသွားအလာ ကန့်သတ်လိုက်ခြင်းသည် Covid-19 ကူးစက်မှုကို ကာကွယ်ထိန်းချုပ်ရန်ဖြစ်သည်။ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် ဥရောပနှင့် အမေရိကန်နိုင်ငံတွင် အခြေအနေဆိုးလာမှ စည်းကမ်းများကို လိုက်နာရန် အတင်းအကြပ်ပြုလုပ်သည့် အခြေအနေနှင့် မတူပါ။ ကျွန်တော်တို့တွင် လိုအပ်သည်များကို စနစ်တကျ စီမံရန် အချိန်ရပါသေးသည်။

၁) မိမိအိမ်တွင် ပြင်ဆင်ရန် – အစားအစာများ၊ လိုအပ်သည့် လူသုံးကုန်ပစ္စည်းနှင့် ဆေးဝါးများကို ကြိုတင်ပြင်ဆင်ထားပါ။ မြို့ပိတ်ချချိန်တွင် အစားအစာများ ဝယ်ယူရရှိနိုင်သေးမည်ဖြစ်သော်လည်း ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။ မြို့ပတ်ချမှုသည် ဧပြီလ ၁၉  ရက်နေ့နောက်ပိုင်းအထိ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု မှန်းဆထားပါ။

၂) အရေးပေါ်ချေးငွေ – အရေးပေါ်ချေးငွေကို အမှန်တကယ်လိုအပ်မှသာ လျှောက်ထားသင့်ပါသည်။ Covid-19 အခြေအနေ မပြီးဆုံးသေးသရွေ့ လာမည့်လများတွင်လည်း ရိုးမဘဏ်မှ ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် လိုအပ်သည့်အချိန်တွင် ထုတ်ချေးနိုင်ပါသည်။

၃) Campus ဈေး – နောက်အပတ်မှာလည်း Campus ဈေးကို ဆက်လက်ဖွင့်လှစ်သွားပါမည်။ လိုအပ်သည့်ပစ္စည်းများ ရောင်းကုန်သွားပါက ကုန်ပစ္စည်းများ ထပ်မံဖြည့်ထားပါမည်။

၄) Masks – Campus ဈေးတွင် Masks များ စတော့ထပ်ဖြည့်ထားပြီး ထပ်မံလည်း မှာယူနိုင်ပါသည်။ ထို့ကြောင့် အပြင်ထွက်တိုင်း အထူးသဖြင့် လူထူထပ်သောနေရာများတွင် Mask ဝတ်ဆင်သင့်ပါသည်။

တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် အချင်းချင်း ခပ်ခွာခွာနေခြင်းသည် အထူးအရေးကြီးပါသည်။ သင်္ကြန်အချိန်ခါတွင် လိုက်နာရမည့် စည်းကမ်းများနှင့် နေမကောင်းဖြစ်ပါက မည်သို့ သီးသန့်နေထိုင်ရမည်ကို မိမိအသိမိတ်ဆွေများနှင့် မျှဝေလက်ဆင့်ကမ်းပေးကြပါ။ ယခုလို အရေးကြီးချိန်တွင် အထူးဂရုစိုက်နေထိုင်ပြီး မိမိချစ်ရသူများနှင့် လူ့ပတ်ဝန်ကျင်ကို ကာကွယ်နိုင်ကြပါစေ။

အားလုံးဘဲ ဘေးကင်းကြပါစေ။

Calling for declaration

Positive case: #15

Location 1: International SOS Clinic @ Inya Lake Hotel

If you or anyone in your family had attended this clinic between 20th March – 31st March.

Location 2: Parami Hospital/ Samitivej Clinic

If you or anyone in your family had attended this clinic between 23rd March – 1st April.

You MUST complete the declaration form:
Declare-Travel/Hospital Visit Form

You have to also alert Martin Appel and Valentina Lwin Bailey so they can determine the level of contact.

To protect you, your family and our employee’s health and safety, please be responsible in following our declaration procedure. If you have any medical questions please email askDR.com.mm.

Self isolation at Home

Dr. Zaw Nyein Aye of Pun Hlaing Siloam Hospital shares with us the steps and procedures you should be aware of while you are self-isolating at home. 

ပန်းလှိုင်စီလုံဆေးရုံမှ ဒေါက်တာ ဇော်ငြိမ်းအေးသည် မိမိတို့နေအိမ်တွင် သီးသန့်နေထိုင်စဉ် လိုက်နာကျင့်သုံးရမည့် အလေ့အကျင့်နှင့် လုပ်ဆောင်ပုံများကို ရှင်းလင်းပြောကြားထားပါသည်။

Covid-19 (၂၀၂၀ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်)

မြန်မာနိုင်ငံတွင် ၅ ရက်အတွင်း ကူးစက်ခံရသူ ၈ ဦးအထိ ရှိလာပြီဖြစ်ပါသည်။ လူ့အဖွဲ့အစည်း အကုန်လုံးတွင် စိုးရိမ်ပူပန်မှုများ ဖြစ်နေပြီး အစိုးရမှ ပိတ်ချမှုတွေရှိလာတော့မည်ဆိုသော ကောလဟာလတွေလည်း ထွက်ပေါ်လျက်ရှိပါသည်။

လုပ်ဆောင်ခဲ့သည်များ

==========

လုပ်ငန်းစုမှ လုပ်ဆောင်ခဲ့သည်များကို အကျဉ်းကျုံးဖော်ပြအပ်ပါသည်။

– ခရီးသွားမှုများကို ကန့်သတ်ထားခြင်း

– ပြည်တွင်း၊ ပြည်ပ ခရီးသွားလာမှုများကို မှတ်တမ်းတင်ထားနိုင်ရန် ကြိုတင်အသိပေး အကြောင်းကြားစေခြင်း

– AskDR သို့ ကျန်းမာရေးဆိုင်ရာ မေးခွန်းများ မေးမြန်းနိုင်ခြင်း

– လုပ်ငန်းဌာနတိုင်းများအားလုံးတွင်  စီးပွားရေးဆက်လက် ရပ်တည်လည်ပတ်နိုင်ရန် အစီအစဉ်များ အသင့်ရှိခြင်း

– ရောဂါကူးစက်ခံရလွယ်သည့် ဝန်ထမ်းများကို နေအိမ်တွင် အလုပ်လုပ်စေပြီး အခြားဝန်ထမ်းများကိုလည်း အလှည့်ကျ အိမ်မှာနေ၍ အလုပ်လုပ်စေခြင်း

– စားသောက်ကုန်နှင့် အခြေခံကုန်ပစ္စည်းများကို Campus ဈေးတွင် ရောင်းချပေးခြင်း။ အခြားနေရာများတွင်လည်း ရောင်းချပေးသွားရန်ရှိခြင်း

– ဝန်ထမ်းများအတွက် အရေးပေါ် ချေးငွေများ ထုတ်ချေးပေးခြင်း

– ရောဂါရှိသူဖြင့် ထိတွေ့ဆက်ဆံခဲ့သူများနှင့် တစ်ဆင့် ထိတွေ့ဆက်ဆံသူများရှိလာပါက အဆင့်ဆင့်ထိတွေဆက်ဆံမှုများအတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ အသင့်ရှိခြင်း

ဘောနပ်စ်ကြိုပေးခြင်း

=========

သင်္ကြန်ရောက်ရန် နီးစပ်လာပြီဖြစ်သည့်အတွက် သင်္ကြန်ဘောနပ်စ်များကို မတ်လ ၃၁ ရက်နေ့တွင် ပေးသွားမည်ဖြစ်ပါသည်။ သင်္ကြန်မတိုင်မီ ကြိုခွင့်ယူပြီး မွေးရပ်မြို့သို့ စောပြန်လိုသူများ မိမိတို့၏ မန်နေဂျာများနှင့် တိုင်ပင်ဆွေးနွေးပါ။ သင်္ကြန်ဘောနပ်စ် စောစီးစွာပေးခြင်းဖြင့် ဝန်ထမ်းများသည် လိုအပ်သည်များကို ကြိုတင်စီစဉ်နိုင်မည်ဟု မျှော်လင့်ပါသည်။

ရောဂါရှိသူနှင့် ထိတွေ့ သူများကို စီစစ်ခြင်း

============

ကျွန်တော်တို့၏ အချို့ဝန်ထမ်းများသည် Covid-19 ရောဂါရှိသူဖြင့် ထိတွေ့ဆက်ဆံခဲ့သူနှင့် တစ်ဆင့် ထိတွေ့ဆက်ဆံခဲ့သည့် ဖြစ်ရပ်များ ရှိနေပါသည်။ CCC အဖွဲ့နှင့် ကျွန်တော်တို့ ကိစ္စတစ်ခုချင်းစီအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် လိုအပ်သည်များကို လုပ်ဆောင်လျက်ရှိပါသည်။ အချို့ဝန်ထမ်းများသည် အစိုးရ၏ သီးသန့်နေရန် စီစဉ်ထားရှိသည့်နေရာများတွင် စောင့်ကြည့်ခံလျက်ရှိပါသည်။ အချို့ဝန်ထမ်းများမှာ အိမ်တွင် သီးသန့်နေထိုင်လျက် ရှိပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ထပ်မံထိတွေ့ဆက်ဆံခြင်းများကို တားဆီးနိုင်မည်ဖြစ်ပါသည်။

ကောလဟာလများသည် မှန်ကန်မှုမရှိပါ။ ဝန်ထမ်းများအားလုံး၏ ဘေးကင်းလုံခြုံရေးသည် အရေးကြီးဆုံးဖြစ်သည်ကို အားလုံးကို သိစေချင်ပါသည်။ အခြေအနေကို သေချာ စောင့်ကြည့်ပြီး အလုပ်ခွင်ကို ဘေးကင်းရှင်းအောင် အစွမ်းကုန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ကျေးဇူးအထူးတင်ရှိခြင်း

========

စီစဉ်ဆောင်ရွက်မှုများအတွက် မနားမနေ အလုပ်လုပ်နေကြသည့် ကျွန်တော်တို့၏ အဖွဲ့သားများကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ ဒီအပတ်တွင်း Dr Gershu Paul ၊ Martin Appel ၊ Philipp Hoffmann ၊ Valentina Lwin Bailey ၊ Katie Michel တို့ဖြင့် အကြိမ်ပေါင်းများစွာ ဖုန်းပြောဆိုမှုများပြုလုပ်ကာ လာမည့်အပတ်များအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။ ကျွန်တော်တို့ အိမ်ရာဝန်းအတွင်း နေထိုင်သူများအား ကာကွယ်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များကို Yoma Land အဖွဲ့သားများမှ သီးသန့် စီစဉ်လျက်ရှိပါသည်။ Campus ဈေး တိုးချဲ့မှုအတွက် နောက်အပတ်တွင် Metro ဖြင့် တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ အထူးသဖြင့် ပန်းလှိုင်ဆေးရုံအဖွဲ့သားများသည် ပြီးခဲ့သည့် အပတ်များကတည်းမှစ၍ အဆိုးဆုံးအခြေအနေ ရောက်ရှိလာချိန်တွင် ဝန်ထမ်းများနှင့် လူ့အဖွဲ့အစည်းကို ကာကွယ်ရန် အရေးပေါ်အစီအစဉ်များကို အစွမ်းကုန်ပြင်ဆင်လုပ်ဆောင်လျက်ရှိသည်။ ယခုလို ကြိုးစားအားထုတ်မှုများအတွက် လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ကျွန်တော် ထပ်မံပြောကြားလိုပါသည်။ ကျွန်တော်တို့အတူ ပူးပေါင်းဆောင်ရွက်ပြီး ယခုကပ်ဘေးကို ကျော်လွှားကြရမှာ ဖြစ်ပါသည်။

Chief Executive Officer
Melvyn Pun

Covid-19 update (28-March-2020)

In short 5 days, we now have 8 confirmed cases in Myanmar. Communities are increasingly concerned, and plenty of rumors are going around of possible government lockdowns.

Actions so far

Let me summarize the steps the Group has taken so far

– Travel restrictions to avoid bringing back the virus
– Travel declaration to track domestic and international travels
– AskDR to answer medical questions- Business Continuity Plan in place for all entities
– Work from Home policy for all vulnerable staffs, and more teams are working from home on alternate shifts- Food and essential supply sold through Campus Zay, and will be extended to other locations
– Emergency staff loan to help cash flow – Contact tracing procedure for anyone who may have been in secondary contact with positive Covid-19 patients

Early Bonus

As we approach Thingyan, I’m pleased to announce that we will pay Thingyan bonuses EARLY on 31 March for those eligible. Some of you may be considering taking leave for Thingyan early. Please consult with your managers but we hope the early bonus payment can help your arrangement.

Contact Tracing

In some confirmed covid cases, we have staffs who discovered they had secondary contact with the positive covid-19 patient. The CCC team and I have thoroughly investigated each case to take appropriate action. Some staffs are now in government quarantine, while others are put into home isolation. In each case, we are lucky that any contact is limited.

Rumors may spread, many of them false or exaggerated – I want to assure you that your safety is our priority and we will continue to monitor any situation closely, and protect the work place aggressively.

Big thanks

I want to thank many of our team who have worked tirelessly in preparing our plans. I’ve been on dozens of calls this weekend with :
Gershu Paul, Dr,
Martin Appel
Philipp Hoffmann
Valentina Lwin Bailey
Katie Michel
tracing all possible contacts with covid cases and planning for next week. Yoma Land team have prepared additional notices and procedures to protect residents. Campus Zay stepping up their coordination with Metro for next week.
In particular, the whole Hospital team working intensely over the last few weeks to make contingency plans to protect all our staffs and the community for the worst case. Truly amazing spirits and thank you from the deepest of my heart. We are at the start of this fight, but we will come out strong.

Chief Executive Officer
Melvyn Pun

Yoma Group Town Hall (26 March 2020)

Chairman Serge Pun and CEO Melvyn Pun hosted a virtual Yoma Group Town Hall on Thursday 26th March, 2020 on Workplace.

During the hour-long event, both shared their views on COVID-19, measures taken by the Group to ensure the health and safety of employees as well as answered a range of questions on salary and bonuses, the Covid-19 Relief Loan Scheme, as well as health related concerns.

Please see below video (English and Myanmar subtitles). 

Chairman Serge Pun နှင့် CEO Melvyn တို့မှ ၂၀၂၀ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် Yoma Group Town Hall ကို Workplace တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါသည်။

တစ်နာရီခန့်ကြာသည့် အဆိုပါ Town Hall တွင် COVID-19 နှင့် ပက်သက်ပြီး ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် လုပ်ငန်းစုမှ လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များ၊ လစာ၊ ဘောနပ်စ်အကြောင်းများ၊ COVID-19 အရေးပေါ်ချေးငွေ နှင့် အခြား ကျန်းမာရေးဆိုင်ရာအကြောင်းများကို ရှင်းလင်းဖြေကြားပေးထားပါသည်။

အောက်ပါ မြန်မာ / အင်္ဂလိပ်စာတန်းထိုးထားသော ဗီဒီယိုတွင် ပြန်လည်ကြည့်ရှုနိုင်ပါသည်။

Yoma Group Covid-19 Relief Loan Scheme (အရေးပေါ် ချေးငွေ အစီအစဉ်)

Yoma Group Covid-19 Relief Loan Scheme

Yoma Group is offering a Relief Loan Scheme to help our staff and their families manage their cash flow concerns during this difficult period as a result of COVID-19.

Who is eligible?

  • All Yoma Group employees

How much can we borrow?

  • Up to 3 (three) months of your gross salary.. 

What is the interest rate and fees?

  • The interest rate is set at 8.5% per annum and calculated based on loan balance.
  • There is no fees.

What is the repayment period and process?

  • The agreed monthly repayment amount will be directly deducted from your Yoma Bank SMART account over 12 months.

How do I apply?

  • Application form can be downloaded from Yoma Connect (//52.220.87.101) or available via your Entity HR starting 30th March 2020.
  • Application starts on 1st April 2020.
  • The application will be approved within 24 hours (1 working day)
  • For more details, please email YRL@yoma.com.mm

Yoma Group Covid-19 အရေးပေါ် ချေးငွေ အစီအစဉ်

Covid-19 ကြောင့် အခက်အခဲများ ကြုံတွေနေရချိန်တွင် ကျွန်တော်တို့ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ ငွေကြေးပြေလည်မှုရှိစေရန် ရိုးမအုပ်စုမှ “အရေးပေါ်ချေးငွေ အစီအစဉ်” ကို စီစဉ်ထားရှိပါသည်။

လျှောက်ထားနိုင်သူ

•             ရိုးမအုပ်စုရှိ ဝန်ထမ်းများအားလုံး လျှောက်ထားနိုင်ပါသည်။

ရရှိနိုင်သော ချေးငွေပမာဏ

•             ဝန်ထမ်း၏ လစာ ၃ လစာအထိ ချေးငွေ ရရှိနိုင်ပါသည်။

အတိုးနှုန်းနှင့် လျှောက်ထားခနှုန်းထား

•             တစ်နှစ်လျှင် အတိုးနှုန်း ၈.၅% ဖြစ်ပြီး လစဉ်ချေးငွေ လက်ကျန်ပမာဏနှင့် ချေးငွေကာလပေါ် မူတည်ပြီး တွက်ချက်မှာ ဖြစ်ပါသည်။

•             လျှောက်ထားခနှုန်း မရှိပါ။

ချေးငွေပြန်ဆပ်ကာလနှင့် ပြန်ဆပ်နိုင်ပုံ

•             မိမိသဘောတူညီထားသည့် လစဉ်  ပြန်လည်ပေးသွင်းရမည့် ပမာဏကို သင်၏ ရိုးမဘဏ် SMART အကောင့်မှ ၁၂ လအတွင်း အလိုအလျောက် နှုတ်ယူသွားမှာ ဖြစ်ပါသည်။

ချေးငွေလျှောက်ထားပုံ

•             ချေးငွေ လျှောက်ထားရန် လျှောက်လွှာပုံစံကို၂၀၂၀ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှစ၍  Yoma Connect (//52.220.87.101) မှ ဒေါင်းလုပ်ဆွဲယူခြင်း (သို့) မိမိလုပ်ငန်းဌာနရှိ HR ထံမှ ရယူနိုင်ပါသည်။

•             ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ လျှောက်ထားနိုင်ပါသည်။

•             လျှောက်ထားပြီး ၂၄ နာရီ (ရုံးဖွင့်ရက် တစ်ရက်) အတွင်း အတည်ပြုပေးသွားမှာ ဖြစ်ပါသည်။

•             အခြားအသေးစိတ် သိရှိလိုသည်များအတွက် YRL@yoma.com.mm သို့ အီးမေးလ်ပို့ မေးမြန်းနိုင်ပါသည်။