Tech-Hub Newsletter Myanmar

News Features တွေနဲ့ မိတ်ဆက်ပေးလိုက်သည့် Pocket App Version 2.0

အသစ်ထွက်ရှိလာသည့် Pocket App Version  2.0 တွင် Collect & Pay လုပ်ဆောင်ချက်အသစ်များ၊ Personalized ဆုလက်ဆောင်နဲ့ ကမ်ပိန်းတွေကို မြင်တွေ့နိုင်မယ့် Discover လုပ်ဆောင်ချက်၊ Biometric Authentication ဖြင့် လုံခြုံရေးစနစ် မြှင့်တင်ထားခြင်း အစရှိသော Features အသစ်များ ပါဝင်ပါသည်။ 

အသုံးပြုသူများအတွက် ပိုမိုလွယ်ကူစေရန် Pocket ရဲ့ New Version 2.0 ကို သက်ဆိုင်ရာ Application Stores များတွင် Update ပြုလုပ်နိုင်ပါပြီ။

For iOS App Download: https://apple.co/3lM0TQe
For Android App Install: https://bit.ly/3W4l1Kv
For Huawei App Gallery Install: https://bit.ly/3Ky4E6g 
Pocket Viber Community Group: https://bit.ly/3SUgKXR 

  1. Home »
  2. Tech-hub Newletter »
  3. News Features တွေနဲ့ မိတ်ဆက်ပေးလိုက်သည့် Pocket App Version 2.0

Intelligent Meeting Recap

Microsoft Teams Premium တွင် အစည်းအဝေးမှတ်တမ်း အချက်အလက်များကို အလိုအလျောက် အနှစ်ချုပ်ပေးနိုင်သည့် Intelligent Meeting Recap” လုပ်ဆောင်ချက်အသစ်ကို စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ ထိုလုပ်ဆောင်ချက်သည် AI စနစ်ကို အသုံး အစည်းအဝေး၏ အသံဖိုင်နှင့် မှတ်တမ်းများမှတဆင့် အဓိကဆွေးနွေးမှုအချက်များ၊ လုပ်ဆောင်စရာများ နှင့် အရေးကြီးသည့် အရာများကို ခွဲခြမ်းစိတ်ဖြာပေးပါသည်။ ထိုလုပ်ဆောင်ချက်ကြောင့် အစည်းအ‌ဝေး အတွင်း ပါဝင်သူများအနေဖြင့် အချိန်ကုန်သက်သာပြီး အစည်းအဝေး အချက်အလက်များကိုလည်း အလွယ်တကူ ဖတ်ရှုနိုင်မှာ ဖြစ်ပါသည်။ ထိုအနှစ်ချုပ် အချက်အလက်များမှ လုပ်ဆောင်စရာ ကိစ္စရပ်များကိုလည်း Microsoft Productivity Tool ဖြစ်သည့် ToDo (သို့) Planner တွင် ထည့်သွင်းထားနိုင်ပါသည်။ Teams Premium တွင်သာ အသုံးပြုနိုင်သည့် ထိုလုပ်ဆောင်ချက်သည် အသုံးပြုသူများကို အလုပ်ပိုမို ပြီးမြောက်စေကာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း မြှင့်တင်ပေးပါသည်။

Ref: https://techcommunity.microsoft.com/t5/microsoft-teams-blog/intelligent-meeting-recap-in-teams-premium-now-available/ba-p/3832541

  1. Home »
  2. Tech-hub Newletter »
  3. Intelligent Meeting Recap

Group Technology News

(a) Cybersecurity အသိပညာပေး

ကျွန်ုပ်တို့၏ Group Technology မှ ပြုလုပ်သော 2023 Cyber Security Program  ဖြင့် မိတ်ဆက်ပေးလိုက်ပါတယ်။ အဆိုပါပရိုဂရမ်ကတော့ IT လုံခြုံရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်များကို ဝန်ထမ်းများ အမြဲသတိရှိနိုင်စေရန်အတွက် ရည်ရွယ်ပြီးလုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ထိုအစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်မှ စ၍ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ Yoma Group ရှိ ဝန်ထမ်းများအားလုံး တက်ရောက်နိုင်ရန် စီစဥ်ထားပါတယ်။

(b) Group Tech Go Green Campaign

Group Technology က GroupTekkers များကတော့ Group Tech Go Green Campaign ကို ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ ၁၁ ရက်နေ့  စတင်ကာ အပတ်စဉ် အင်္ဂါနေ့တိုင်း ပြုလုပ်သွားမှာဖြစ်ပါတယ်။ ထိုကန်ပိန်းကတော့ အစားအသောက်နှင့် ပလပ်စတစ် စွန့်ပစ်ပစ္စည်းများကို လျော့ချခြင်း၊ ဒစ်ဂျစ်တယ် အရင်းအမြစ်များကို ပိုမိုထိရောက်စွာ အသုံးပြုပြီး စွမ်းအင်သုံးစွဲမှု အလေ့အကျင့်‌ကောင်းများကို ကျင့်သုံးနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်ပါတယ်။
 #GroupTechSustainability #GroupTech #GroupTechGoGreen

(c) Tech စတစ်ကာများ

ယခုတစ်ခေါက် TechHub Newsletter ဖတ်ပြီး စိတ်ပျော်ရွှင်စရာကောင်းတဲ့ Group Technology ရဲ့ လုပ်ငန်းခွင်မှာပါတဲ့ အသုံးအနှုန်း‌ စတစ်ကာတွေကို ရယူနိုင်မှာ ဖြစ်ပါသည်။ အထူးအစီအစဥ် အနေဖြင့် ပဟေဋ္ဌိကဏ္ဍတွင် ပါဝင်ဖြေဆိုသူများအား လက်ဆောင်ပေးသွားမှာ ဖြစ်ပါသည်။ ထို့ကြောင့် ယခုတခေါက် Newsletter တွင်သာ ရရှိနိုင်မည့် Group Technology-Themed စတစ်ကာများကို ရယူရန် ပဟေဋ္ဌိကဏ္ဍတွင် ပါဝင်ဖြေဆိုလိုက်ပါ။

  1. Home »
  2. Tech-hub Newletter »
  3. Group Technology News

သင့်အားလပ်ချိန်တွင် အသုံးပြုနိုင်သော AI App များ

သင့် အလုပ်ဝာာဝန်တွေကို ရိုးရှင်းစွာနှင့် မြန်မြန်ပြီးအောင်လုပ်ပြီး အားလပ်ချိန်တွေကို အကျိုးရှိစွာ အသုံးချလိုပါလား။ အောက်မှာ ဖော်ပြထားသည့် AI စနစ်သုံးအက်ပ်များက သင့်အား ကူညီပေးနိုင်သည့် လုပ်ဆောင်ချက်များစွာ ရှိပါတယ်။ ဘာသာစကား တိုးတက်အောင် လေ့လာလိုသည်ဖြစ်စေ၊ သင့်ခရီးစဥ်အတွက် စီစဥ်လိုသည့်အခါဖြစ်စေ (သို့) အခြားအကူအညီရယူလိုတဲ့ အခါမျိုးတွင်လည်း အသုံးပြုနိုင်ပါတယ်။ ဒါ့ကြောင့် အဆိုပါ အက်ပ်တွေကို စမ်းသုံးကြည့်ဖို့ အကြံပြုလိုက်ပါတယ်။

GrammarlyGO – စာရေးသားခြင်းအတွက် AI အကူအညီ ရယူခြင်း

GrammarlyGO သည် သင် စာအရေးများသော ဒစ်ဂျစ်တယ်နေရာများတွင်  AI ၏ စွမ်းအားဖြင့် အကူအညီပေးပါတယ်။ သင့်အကြောင်းအရာနဲ့ သင်ပိုရွေးချယ်လိုသော စာရေးပုံရေးသားနည်းအပေါ် အရှိန်အဟုန်မြှင့်ပေးတဲ့ AI အကူအညီနဲ့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ AI Communication လက်ထောက်ဖြစ်သည့် GrammarlyGO သည်  မိမိရေးသားလိုတဲ့ အကြောင်းအရာနှင့် စာအရေးသားပုံစံအတိုင်း ကူညီပေးမှာ ဖြစ်ပါတယ်။

အဆိုပါအက်ပ်သည် သင့်အီးမေးလ်အား စကင်န်ဖတ်ပြီး သင် အလိုရှိသော အရေးအသားပုံစံဖြင့် ရေးသားပေးနိုင်ပါတယ်။ ထို့ကြောင့် သင့်အီးမေးလ်များကို သင် ယုံကြည်မှု ပိုမိုရှိလာစေခြင်း (သို့) သင့်စိတ်ကြိုက် ပုံစံဖြင့် ရေးသားနိုင်ခြင်းတို့ဖြင့် အချိန်ကုန်သက်သာစေနိုင်ပါတယ်။

Android: https://shorturl.at/evx18 
iOS: https://shorturl.at/hkvX3 

Duolingo ၏ Roleplay Feature

Duolingoသည် ဘာသာစကားမျိုးစုံကို သင်ယူလေ့ကျင့်နိုင်သည့် နာမည်ကြီး ပလပ်ဖောင်းတစ်ခုဖြစ်ပြီး ၎င်းတွင် မိုဘိုင်းအက်ပ်နှင့် ဝဘ်ဆိုဒ်တို့ ရှိပါတယ်။ Duolingo ကို Duo Max  ဖြင့် လစဥ်ကြေးပေးသွင်း၍ အသုံးပြုနိုင်ပြီး Duolingo ၏ Roleplay လုပ်ဆောင်ချက်ဖြင့် language-learning bot နှင့် ချိတ်ဆက်နိုင်ခြင်း၊  သင်အသုံးပြုသော ဘာသာစကားဖြင့် အကြံပြုချက်များကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သင်၏ စကားပြောစွမ်းရည်ကိုလည်း မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။

Android: https://rb.gy/82fxt
iOS: https://shorturl.at/fhku2 

Khan Academy ၏ Khanmigo

Khan Academy သည် အွန်လိုင်းမှ သင်ယူ‌လေ့လာနိုင်သည့် အကျိုးအမြတ်မယူသော ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ လေ့လာသင်ယူသူများကို အရည်အသွေးမြင့် ပညာရေးဆိုင်ရာ ဘာသာရပ်များ သင်ကြားပေးလျက် ရှိပါတယ်။ Khanmigo သည် ကိုယ်ပိုင် လေ့လာသင်ယူလိုသူများနှင့် အိမ်စာလုပ်သူများအတွက် အထောက်အကူဖြစ်စေပါတယ်။ ၎င်းသည် သင့်အား တိုက်ရိုက်အဖြေများပေးမည် မဟုတ်သော်လည်း၊ ဘာသာရပ်အမျိုးမျိုးနှင့် အယူအဆများကို လွယ်ကူစွာရှာဖွေနိုင်စေရန် အရိပ်အမြွက် လမ်းညွှန်မှုများ ပေးပါတယ်။

Android: https://rb.gy/4rf5k
iOS: https://shorturl.at/fgEUV 
Learn more: https://shorturl.at/otDKV 

Expedia’s in-app AI chat

Expedia သည် ကမ္ဘာတစ်ဝှမ်းရှိ ကာစတန်မာများအတွက် ခရီးသွားဝန်ဆောင်မှုများ ပေးသည့် အွန်လိုင်းခရီးသွားကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။ Expedia ၏ AI chatbot သည် ခရီးသွားအစီအစဉ်များကို စီစဉ်ရာတွင် ကူညီပေးနိုင်ပါတယ်။ သင်တည်းခိုလိုသည့်နေရာများအတွက် အကြံပြုချက်များ တောင်းခံဲနိုင်ပါတယ်။ ခရီးစဉ်အတွက် အကြံပြုချက်များကိုသာမက ဘွတ်ကင်ယူခြင်းတို့ကိုပါ လွယ်ကူစွာ ဆောင်ရွက်နိုင်ပါတယ်။

Android: https://rb.gy/aqfvv
iOS: https://shorturl.at/gtyU9 

My AI from Snapchat

Snapchat သည် အသုံးပြုသူများအား ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် မက်ဆေ့ချ်များကို သူငယ်ချင်းများနှင့် follower များထံ ပေးပို့နိုင်သည့် multimedia အက်ပ်တစ်ခုဖြစ်ပါတယ်။ Snapchat တွင် My AI ဆိုတဲ့ အချိန်မရွေး အကူအညီရယူနိုင်သည့်  AI ‌Assistant တစ်ခု ပါရှိပါတယ်။ သင်နဲ့အတူစကားပြောဆိုနိုင်ပြီး အမျိုးစုံသော အကြံပြုချက်များကိုလည်း ရယူနိုင်ပါတယ်။ ဥပမာအနေဖြင့် မွေးနေ့ညစာအတွက် အကြံတောင်းနိုင်ခြင်း (သို့) အစားအသောက် သိမ်းဆည်းခြင်းနဲ့ပတ်သက်ပြီး အကြံပြုချက်များတို့ကိုလည်း မေးမြန်းလို့ရပါတယ်။ ပျော်စရာကောင်းပြီး အသုံးပြုရတာလည်း လွယ်ကူပါတယ်။

Android: https://rb.gy/ix76f
iOS: https://shorturl.at/kxIU9 

  1. Home »
  2. Tech-hub Newletter »
  3. သင့်အားလပ်ချိန်တွင် အသုံးပြုနိုင်သော AI App များ